Friday, November 6, 2009

မီးပျက်ပျက် မီးလာလာ ရန်ကုန်မြို့ ရေလုံလောက်စေရေး အဝီစိတွင်း ၁၀၅ တွင်း တူးဖော်ပြီ

မီးပျက်ပျက် မီးလာလာ ရန်ကုန်မြို့ ရေလုံလောက်စေရေး အဝီစိတွင်း ၁၀၅ တွင်း တူးဖော်ပြီ

ရန်ကုန်တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်ချိန်၌ ရေရရှိနိုင်စေရန် ရန်ကုန်

တစ်မြို့လုံး၌ အဝီစိတွင်း ၁၀၅ တွင်း တူးဖော်လျက်ရှိကြောင်း ရန်ကုန်မြို့တော်

စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းက

အောက်တိုဘာ ၃၁ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ လျှပ်စစ်မီး ရတဲ့အချိန်မှာ လည်းရှိပြီး သားရေပိုက်လိုင်းတွေကနေ အားဖြည့်ပြီး

အဝီစိတွင်းရေကို ပေးမယ်။ လျှပ်စစ်မီးမရတဲ့အချိန်မှာဒီဇယ်ဆီနဲ့ မီးစက်မောင်းပြီး

ရေပိုက်လိုင်းတွေက တစ်ဆင့် ရေပေးဝေသွားမယ်။ မြို့တွင်းခြောက်မြို့နယ်ကမီး

မလာလည်းမီးစက်နဲ့ အဆင်ပြေနိုင်မယ်။မြို့နယ်အလိုက်တစ်နိုင်တစ်ပိုင်ပေးမယ်”

ဟုမြို့တော်ဝန်ကဆိုသည်။ သတ်မှတ်ထားသည့် အဝီစိတွင်း ၁၀၅ တွင်းအနက်

၈၅ တွင်းမှာ တူးဖော်ပြီးဖြစ်ပြီး တွင်း ၂၀ သာကျန်ရှိတော့ကြောင်းသိရသည်။ ရန်

ကုန်မြို့သည် ယခုအချိန်ထိဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကားနှင့် ငမိုးရိပ် ရေလှောင်ကန်

ကြီးများမှ ရေပိုက်လိုင်းများနှင့် ပေးဝေသည့် သောက်သုံးရေများကို သုံးစွဲနေခြင်း

ဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်လျှပ်စစ်မီးများအချိန်ကြာ

မြင့် စွာပြတ်တောက်ခဲ့မှုကြောင့်ရေပိုက်လိုင်းများမှရေရရှိမှုပြတ်လပ်သွားခဲ့သဖြင့်

ရန်ကုန်မြို့ လူထု သောက်သုံးရေ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း

၂၀၀၉ခုနှစ် နိုဝင်ဘာ ၅ရက်နေ့ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါ

သည်။

No comments:

Post a Comment