Thursday, September 29, 2011

ကိုဇာဂနာကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာ

ကိုဇာဂနာကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ
ပို့ဆောင်မယ်လို့လည်း သိရပါတယ်။

ကိုဇာဂနာကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာ

ကိုဇာဂနာကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ
ပို့ဆောင်မယ်လို့လည်း သိရပါတယ်။

Friday, July 30, 2010

Sunday, November 8, 2009



Friday, November 6, 2009

ချက်လက်မှတ် မသမာမှုပြုသော ကိစ္စ ပုဂ္ဂလိကဘဏ်များ ဖြေရှင်းနေရ

6/Nov/2009

E-Mail this article Printable Version
ပုဂ္ဂလိကဘဏ်များတွင် ချက် (Cheque) လက်မှတ် မသမာမှုပြုသော ကိစ္စများ

ဖြေရှင်းနေရသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းလွင်

က ပြောသည်။ ချက်လက်မှတ်ကို အသုံးပြု၍မသမာမှုများပြုခြင်းကြောင့်ပြည်သူများ

အကြား ချက်လက်မှတ် အပေါ် ယုံကြည့်မှု ကင်းမဲ့စေမည် ဖြစ်သည်ဟု သိရသည်။

“ ဥပမာဗျာ နိုဝင်ဘာမှာ နှစ်သိန်း၊ ဒီဇင်ဘာမှာ နှစ်သိန်း၊ ဇန်န၀ါရီမှာ နှစ်သိန်းထုတ်

ဖို့အတွက် ပိုင်ရှင်က ချက်လက်မှတ်အပေါ်မှာနေ့စွဲနဲ့လက်မှတ်ထိုးပြီးချက်လက်မှတ်

သုံးစောင်ပေးခဲ့တယ်။ အဲဒီချက်လက်မှတ် သုံးစောင် ငွေခြောက်သိန်းဖိုးကို ငါးသိန်း

လောက်နဲ့ ပြန်ရောင်းတယ်။ ၀ယ်တဲ့လူက သွားထုတ်မယ်ဆိုရင် သုံးလခွဲထုတ်ရမှာ

သုံးလအတွင်း တစ်သိန်းမြတ်နေတော့ ၀ယ်လိုက်တယ်။နိုဝင်ဘာလသတ်မှတ်ရက်

ထဲရောက်လာတော့ ဘဏ်မှာ သွားထုတ်တာပေါ့။ အဲဒီလို သွားထုတ်လိုက်တော့မှ

ဘဏ်စာရင်းထဲမှာ ငွေတစ်ပြားမှ မရှိတော့ဘူး။ရောင်းသွားတဲ့လူကလည်းမရှိတော့

ဘူးဆိုတော့ ၀ယ်သူမှာ နစ်နာတာပေါ့။ ဒီလို ကိစ္စမျိုးတွေက မကြာခဏ ကြုံရတဲ့

ကိစ္စတွေပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ နိုင်ငံတကာ၏ ဘဏ်လုပ်ငန်းများ

နှင့် ချက်လက်မှတ်အသုံးပြုသည့် အလေ့အထသည်တွင်ကျယ်လှပြီးလျှပ်စစ်မီတာ

ခ၊ သန့်ရှင်းရေး၊ ရေခွန်စသည်တို့ကို နိုင်ငံသားတို့က ငွေအသုံးပြု ပေးဆောင်ခြင်း

ထက် ချက်လက်မှတ် အသုံးပြု ပေးဆောင်ကြသည်။ အဆိုပါ ချက်လက်မှတ်တွင်

လည်း တိကျသော သတ်မှတ်ချက်များ ရိုက်နှိပ်ထားသည်ဟု သိရသည်။ မြန်မာ့

ဘဏ်လုပ်ငန်းများတွင် ချက်လက်မှတ်၏ အခန်းကဏ္ဍ ကြီးမားလာစေရန်နှင့် တွင်

ကျယ်စွာ အသုံးပြုလာနိုင်စေရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်ပုဂ္ဂလိက

ဘဏ်မှ ပညာရှင်တို့က ပူးပေါင်းကာ ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေချိန်

ချက်လက်မှတ်ကို မသမာမှုပြုသည့် ကိစ္စများသည် ကော်မတီ၏ ဆောင်ရွက်ချက်

ကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ထုတ်

Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ghnhx

cxvZvV

မီးပျက်ပျက် မီးလာလာ ရန်ကုန်မြို့ ရေလုံလောက်စေရေး အဝီစိတွင်း ၁၀၅ တွင်း တူးဖော်ပြီ

မီးပျက်ပျက် မီးလာလာ ရန်ကုန်မြို့ ရေလုံလောက်စေရေး အဝီစိတွင်း ၁၀၅ တွင်း တူးဖော်ပြီ

ရန်ကုန်တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်ချိန်၌ ရေရရှိနိုင်စေရန် ရန်ကုန်

တစ်မြို့လုံး၌ အဝီစိတွင်း ၁၀၅ တွင်း တူးဖော်လျက်ရှိကြောင်း ရန်ကုန်မြို့တော်

စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းက

အောက်တိုဘာ ၃၁ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ လျှပ်စစ်မီး ရတဲ့အချိန်မှာ လည်းရှိပြီး သားရေပိုက်လိုင်းတွေကနေ အားဖြည့်ပြီး

အဝီစိတွင်းရေကို ပေးမယ်။ လျှပ်စစ်မီးမရတဲ့အချိန်မှာဒီဇယ်ဆီနဲ့ မီးစက်မောင်းပြီး

ရေပိုက်လိုင်းတွေက တစ်ဆင့် ရေပေးဝေသွားမယ်။ မြို့တွင်းခြောက်မြို့နယ်ကမီး

မလာလည်းမီးစက်နဲ့ အဆင်ပြေနိုင်မယ်။မြို့နယ်အလိုက်တစ်နိုင်တစ်ပိုင်ပေးမယ်”

ဟုမြို့တော်ဝန်ကဆိုသည်။ သတ်မှတ်ထားသည့် အဝီစိတွင်း ၁၀၅ တွင်းအနက်

၈၅ တွင်းမှာ တူးဖော်ပြီးဖြစ်ပြီး တွင်း ၂၀ သာကျန်ရှိတော့ကြောင်းသိရသည်။ ရန်

ကုန်မြို့သည် ယခုအချိန်ထိဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကားနှင့် ငမိုးရိပ် ရေလှောင်ကန်

ကြီးများမှ ရေပိုက်လိုင်းများနှင့် ပေးဝေသည့် သောက်သုံးရေများကို သုံးစွဲနေခြင်း

ဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်လျှပ်စစ်မီးများအချိန်ကြာ

မြင့် စွာပြတ်တောက်ခဲ့မှုကြောင့်ရေပိုက်လိုင်းများမှရေရရှိမှုပြတ်လပ်သွားခဲ့သဖြင့်

ရန်ကုန်မြို့ လူထု သောက်သုံးရေ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း

၂၀၀၉ခုနှစ် နိုဝင်ဘာ ၅ရက်နေ့ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါ

သည်။

4wywy

wfewqtqfgqgqgqeg

jquery-1.2.6.pack.js

jquery-1.2.6.pack.js

ddaccordion.js

ddaccordion.js

adfva

sdfbs